ဝိုင်းမော်မြို့နယ်၌ အိမ်‌ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေး ကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်းဆောင်ရွက်

ဝိုင်မော် ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် အိမ်‌ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်း ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဝိုင်းမော်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ စာရင်းကောက်ယူရာတွင် မြို့ပေါ် (၁၃) ရပ်ကွက်၊‌ ကျေးရွာအုပ်စု (၂၇)အုပ်စုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်အဖွဲ့ (၆၆) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိ မြေပြင်ကွင်းဆင်းကောက်ယူရေး ကော်မတီအတွင်းရေးမှူး ဦး‌အေးလွင်နှင့် ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူနေမှုများကို မြေမြင်ကွင်းဆင်းကောက်ယူရေး‌ ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်မင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး‌ မြေပြင်ကွင်းဆင်း‌ ကောက်ယူ‌ရေးကော်မတီတွဲဘက်အတွင်း‌ရေးမှူး ဦးစောနွဲ့အောင်ခမ်းဆိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိမြေပြင်စာရင်းကောက်ယူရေးကော်မတီအတွင်းရေးမှူး ဦး‌ေအးလွင်မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရာတွင် ဂရုပြုရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီးကွင်းဆင်းစာရင်းကောက်ယူရာတွင် ဇန်နဝါရီလ ၉ ရက်မှ ၃၁ရက်နေ့ထိ(၂၃)ရက်ကြာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံးမှ ပြောကြားခဲ့သည်။

ဖြူစင်