ကလောမြို့၌ 3 Hybarid Seminar On Enhancing The Understanding Of Service Providers For Japanese Travellers သင်တန်းဖွင့်ပွဲ ကျင်းပ

ကလော  ဇန်နဝါရီ   ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန(ASEAN-Japan Centre-AJC) တို့ပူးပေါင်း၍ 3 Hybarid Seminar On Enhancing The Understanding Of Service Providers For Japanese Travellers သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက Hill Top Villa ခန်းမဆောင် တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်မှ Video Conferencing ဖြင့် နေပြည်တော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးစိုးထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး နိုင်လင်းထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်များ၊ သင်းတန်းသူ/သား (၆၀)ဦး၊ စုစုပေါင်း(၇၅)ဦးခန့် တက်ရောက်ခဲ့ပြီးသင်တန်းကို ယနေ့မှ ၁၁.၁.၂၀၂၃အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ကြောင်း သိရှိရသည်။

ကျော်ဝင်း(ပြန်/ဆက်)