မိုင်းခုတ်မြို့၊ အမက(နောင်တုံ)၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နေ့လယ် ၁၁ နာရီက ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နှင်းနှင်းအေးက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများအား အသိပညာပေးဟောပြောပြီး ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အာဟာရဖြည့် နို့ဆန်ပြုတ်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း (ပြန်/ဆက်)