မိုးကုတ် ဇန်နဝါရီ ၁၀
မိုးကုတ်မြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose ) (တတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းတံတားရပ်ကွက်၊ ရတနာသိဒ္ဓိ ပရဟိတ အလယ်တန်း ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မိုးကုတ်မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး(ထပ်ဆောင်း)ထိုးနှံရခြင်း မရှိသေးသည့် ကျောင်း သား/ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများမှ သဘောတူ လက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ စိုးရိမ်ရသည့်ရောဂါလက္ခဏာ ရှိ/မရှိ မေးမြန်းခြင်းစသည်တို့ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒုတိယအကြိမ်ထိုးနှံပြီးသူ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း တတိယအကြိမ် (Boster)ထိုးနှံရာတွင် ကျောင်းသား(၆၄) ဦး၊ ကျောင်းသူ(၇၇)ဦး စုစုပေါင်း(၁၄၁))ဦးထိုးနှံပေးခဲ့ပြီးကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အခြေခံ ပညာကျောင်းများနှင့် ပရဟိတကျောင်းများမှ ကျောင်းသား/ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (မိုးကုတ်၊ ပြန်/ဆက်)