မဟာအောင်မြေ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ ပညာရေးစုံညီပွဲတော်အား ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုအား အ.ထ.က(၅) ချမ်းအေးသာစံဘင်ခရာတပ်ဖွဲ့မှ အလေးပြုကြိုဆိုခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်မှ ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကျောင်းသား/သူလေးများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုကနိုင်ငံတော်နှင့် တိုင်းဒေသကြီးအဆင့်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်ဆုရကျောင်းသား/သူ(၆)ဦးနှင့် နိုင်ငံတော်အဆင့်တွင် ASEAN Quizပြိုင်ပွဲ၌ မထမဆုရရှိသည့် အ.ထ.က (၈)မှ ကျောင်းသူ (၁)ဦးတို့အား ဆုများချီးမြှင့်ပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက တိုင်းအဆင့် ထူးချွန်ဆုရ ကျောင်းသူ(၅)ဦးတို့အား ဆုများပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကိုယ်ပိုင် ကျောင်း(၃)ကျောင်း၊ အောင်ချက်အကောင်းဆုံးမြို့နယ်၊၂၀၂၀ပြည့်နှစ် Clean&Green School awards ဆုရကျောင်း(၃)ကျောင်း၊ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆု၊ ထူးချွန် ဆုရရှိသူ ဆရာမကြီး(၃)ဦး၊၂၀၂၁-၂၀၂၂ပညာသင်နှစ် Mitsubishi Asean Children's Enikki Festival ကလေးသရုပ်ဖော်နေ့စဉ် မှတ်တမ်းပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား/သူ(၃)ဦး၊(၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအထက်တန်း ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်း သူ(၃)ဦး၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ World Tourism Day အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရသူ(၃)ဦး၊ နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲတွင် ဆုရရှိသူ(၃)ဦး၊ The 30th Annual word children's picture contact ပန်းချီပြိုင်ပွဲတွင် ဆုရ(၃)ဦး တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အထက်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရ Grade -6၊Grade -7 ကျောင်းသား/သူ (၉)ဦး၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုရ Grade -8၊Grade-9 ကျောင်းသား/သူ (၆)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူ Grade -5၊Grade -6 Grade -7၊Grade -8၊Grade-9 ကျောင်းသား/သူ (၉)ဦး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား/သူ(၉)ဦး၊၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် (၁၀၀%)ရရှိသော အခြေခံပညာကျောင်း(၁၇)ကျောင်း၊ ကိုယ်ပိုင်းကျောင်း(၉)ကျောင်းတို့အား မန္တလေးတက္က သိုလ် ပါမောက္ခချုပ်များနှင့် ပညာရေးမှူး ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးစန်းအောင်တို့မှ ဆုများအသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ကဏ္ဏအသီးသီးဖြင့် ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါပညာရေးစုံညီပွဲတော်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ (၃၅၀၀)ခန့် တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း