တကောင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းများ စတင်စာရင်းကောက်ယူခဲ့ကြကြောင်းသိရသည်။
တကောင်းမြို့ရှိ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းနှင့် မှတ်ပုံတင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို တကောင်းမြို့ရှိ အမှတ် (၁)၊ ( ၂) ၊ (၃)ရပ်ကွက်များသို့ ကွင်းဆင်း သွားရောက်ပြီး စာရင်းကောက်ယူခြင်းများကို မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့အုပ်ချုပ် ရေးမှူး ဉီးမင်းဝေဇံနှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ(၉) ရက်နေ့မှ(၃၁)ရက်နေ့အထိ မြို့အတွင်းရှိကောက်ကွက်( ၃)ကွက်အား အဖွဲ့( ၅)ဖွဲ့ဖြင့် စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး ကောက်ကွက်တစ်ဖွဲ့လျှင် အဖွဲ့ဝင်( ၅)ဦးဖြင့် ကောက်ကွက် တစ်ကွက်လျှင် အိမ်ထောင်စု( ၅၀၀)စုနှုန်းဖြင့် မှန်ကန်မြန်ဆန်စွာ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)