ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) နာယက ရန်နောင်(ပညာရေး)က အမှာစကားပြောကြားသည်။
စာဖတ်ဝိုင်းတွင် မိမိတို့၏စာပေအတွေ့အကြုံ၊ ဗဟုသုတများကို စာရေးဆရာများဖြစ်ကြသည့် ဒေါက်တာ ဗိုလ်သံမဏီ(တောင်တွင်းကြီး)၊ မောင်မောင်ဝင်းမြင့်(မှုခင်း)၊ ဝင်းနွယ်(ပုသိမ်)၊ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ မောင်ပန်းဝေ(ညောင်တုန်း)၊ ရန်မိုးအောင်(အင်းစိန်)နှင့် တက်ရောက်လာသူများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီးအင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) နာယက ဦးသက်တင်က နိဂုံးချုပ် စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဉယျာဉ်အသင်း (Book Club)မှ တာဝန်ရှိသူများ၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)အတွင်းရှိ စာရေးဆရာများ၊စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ ဆက်)