မိုးကုတ် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မိုးကုတ်မြို့နယ်ရှိရပ်ကွက်ကြီး(၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၉)အုပ်စုအား မြေပြင်စာရင်းကောက်ယူရေးအဖွဲ့(Working Group)မှ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက် ယူခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မိုးကုတ်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးကျော်သူရွှေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဖုန်းနိုင်၊ နယ်မြေရဲစခန်းရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ရပ်/ကျေးစာရေး၊ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ လိုက်ပါကြီးကြပ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်၊၊
နန်းခွာညိုနှင်း (ပြန်/ဆက်)