စမ်းချောင်း ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က စမ်းချောင်းမြို့နယ် စမ်းချောင်း(မြောက်) ရပ်ကွက် မြသိန်းတန်အောင်ဓမ္မာရုံတွင် မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး စမ်းချောင်း(မြောက်) ရပ်ကွက်သို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက် ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးမျိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃)ဦးဇော်မင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းနိုင်တို့မှ ဦးဆောင်၍ ရှေ့တန်းအမှတ် (၁၃၉)ခြေလျင်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးမျိုးဝင်းထွန်းနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့(၇၂)ဖွဲ့၊ စုစုပေါင်းအင်အား (၄၂၆)ဦးတို့ဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် စမ်းချောင်း(မြောက်)ရပ်ကွက်အတွင်းရှိ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူခဲ့ကြကြောင်း သိရ သည်။
နီလာစိုး (ပြန်/ ဆက်)