မိုးနဲ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်နေ ဦးစိုင်းပီး၏ ယာခင်းအတွင်း တစ်ပိုင်တစ်နိုင် ဂေါ်ဖီပင်များ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဂေါ်ဖီပင်များကို ဂေါ်ဖီထုပ်များ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ဂေါ်ဖီပင်များမှ ဂေါ်ဖီထုပ်များကို စတင်ထုပ်နေပီဖြစ်ကြောင်း၊ ယာခင်းအတွင်း ရာသီပေါ်သီးနှံ ကြက်သွန်ဖြူကိုလည်းစိုက်ပျိုးထားကြောင်း၊ ဂေါ်ဖီပင်များကို ဘောင်စနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် သဘာဝမြေဩဇာနွားချေးကို ထည့်သွင်းစိုက်ပျိုး ထားကြောင်း၊ ပုလဲမြေဩဇာကို အပင်အားတိုးစေရန်အတွက် ပတ်ဖျန်းပေးထားပြီး ပိုးမကျ စေရန်အတွက် ပိုးသက်ဆေးကိုပါ ဖျန်းပေးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဂေါ်ဖီထုပ် ၁ ထုပ်လျှင် အရွယ်အစားအလိုက် အထုပ်သေးလျှင် ကျပ် ၅၀၀ အထုပ်ကြီးလျှင် အရွယ်အစားအလိုက် ကျပ် ၁၀၀၀(၁၅၀၀) ပေါက်ဈေးရှိ၍ မိမိခူးဆွတ်ရောင်းချသည့် အခါတွင်လည်း ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း၊ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ပတ်ပတ်လည်တွင် ဆလတ်ပင်များကိုပါ စိုက်ပျိုးထားကြောင်းနှင့် ဂေါ်ဖီပင် ၂၀၀ ခန့်စိုက်ပျိုးထားကြောင်း တောင်သူဦးစိုင်းပီးထံမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)