ကွတ်ခိုင်မြို့တွင် စာအုပ်၊စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကွတ်ခိုင် ဇန်နဝါရီ    ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စာအုပ်၊စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Book Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့နေ့လည် ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်‌ခဲ့ကြောင်း သိရသည်။

ဦးစွာစာဖတ်ဝိုင်း‌တွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ် ဌေးဌေးဝင်းက ‌စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်‌သော စာပေဝါသနာရှင်များ၊  စာဖတ်ဝါသနာရှင်များတိုးပွားလာစေရန်၊ စာအုပ်စာစောင်များမှရရှိလာသည့် ဗဟုသုတများအား စာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် (Book Club) အသင်းသူ/သားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများ ပြန်လည်မျှဝေပေးနိုင်‌ကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူ (Book Club) အသင်းသူ/သားများက စာရေးဆရာ ‘မောင်မင်းစိုး’ ၏ “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း၊ စာဖတ်ဝိုင်းသို့တက်ရောက်သူ စုစုပေါင်း(၈)ဦးရှိကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)