တံတားဦးမြို့နယ် သူငယ်တော်အ.ထ.က(ခွဲ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

တံတားဦး  ဇန်နဝါရီ ၁၀

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းအဆင့် ကျောင်းသား/သူများက စုံညီပွဲတော် သီချင်းသီဖွင့်လှစ်ပေးပြီး ကျေးရွာကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက “ယနေ့မိဘ၊ဆရာနဲ့ ကျောင်းသား/သများ စည်းလုံးညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခြင်းသည် စုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံ ထူးချွန်သော ကျောင်းသား/သူများကို ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နေချိန်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ရင်ဘောင်တန်းပြီး ခေတ်နှင့်အညီအမှီလိုက်နိုင်ရန် မိဘ၊ ဆရာနှင့်ကျောင်းသား/သူတွေက မိမိတို့တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်း သား/သူများအတွက် နှစ်စဉ်အာဟာရကုသိုလ်ရှင်များနှင့် အလှူငွေလှူဒါန်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ဆုရရှိသော မြို့နယ်အဆင့် ပညာရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဘာသာစုံတွင် ထူးချွန်ဆု ရရှိသူများ၊ ကျောင်းတွင်း စွမ်းရည်ပြိုင်များ၊  အတန်းလိုက် ပညာရည်ချွန်ဆုရရှိသူများ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)