နမ့်ဆန်မြို့ပေါ်ရပ်ကွက်အတွင်း(Working Gorup) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းစတင်ဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဦးဆောင်ကာ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍  (Working Gorup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း စတင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ(Working Gorup)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်ရေးအတွက် မြို့နယ် မြေပြင်စာရင်းကောက် ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များ၊ အတွင်းရေးမှူး ဦးတင်ထွန်းလင်းတို့ဦးဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့များက ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ လူဦးရေနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန e-ID ဆော့ဝဲ ရေးသွင်း ထားသည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ စာရင်းကို ပြည်သူ့လက်ဝယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆အား မြေပြင်ကွင်းဆင်းကာ အမှန်နေထိုင်ကြသူများ၏ လူဦးရေနှင့် လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ၊ မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်၍ ၃၁ရက်နေ့အထိ အပြီးသတ်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ နမ့်ဆန်မြို့နယ်တွင် ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၇) အုပ်စု၊ ကောက်ကွက်စုစုပေါင်း(၃၆)ကွက်အား စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းကို မြို့နယ်မြေပြင် စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်ထွန်းလင်းထံမှ သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်