ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားကျောင်းသူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုများ ရရှိစေရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ  ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို နှင့် မသန်စွမ်းသူများအပါအဝင်မိသားစုဝင်များ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန် အချက်များကို လည်းကောင်း၊ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စိုးစံကမီးခိုးမြူငွေ့ အန္တရာယ်ကြောင့် အသက်ရှုလမ်းကြေုာင်းနှင့် နှလုံးဆိုင်ရာရောဂါများဖြစ်ပွားနိုင်ကြောင်း၊ မီးခိုမြူငွေ ညစ်ညမ်းမှုကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်းပျက်စီးစေခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဝိုင်းဝန်းစောင့်ရှောက်ကြရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး