တာမိုးညဲ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တာမိုးညဲမြို့ပေါ်ရှိ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၀၀) နာရီ ချိန်က တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမိုးညဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက အဖွင့်အမှာစကားပြောကြားခြင်း၊ တာမိုးညဲမြို့ဌာနေပြည်သူ့စစ် ဒု-ဥက္ကဋ္ဌဦးသန်းဝင်းက ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲအတွက် အလှူငွေပေးအပ်ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကျော်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကျော်က အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့မှုများအား ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားပြီး နိုင်ငံတော်အလံကို စုပေါင်းညီညာစွာအလေးပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေး၊ တာမိုးညဲဌာနေပြည်သူ့စစ်မှ ဒု-ဥက္ကဋ္ဌဦးသန်းဝင်းနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ခေါန်မိုင်) တာမိုးညဲ၊ပြန်၊ဆက်