မင်းဘူး(စကု)မြို့နယ်တွင် မေမြိုပန်းများ တိုးချဲ့စိုက်ပျိုးပြီး နေ့စဉ်ပုံမှန်ဝင်ငွေရ

မင်းဘူး  ဇန်နဝါရီ  ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာတွင် မေမြို့ပန်းများ စိုက်ပျိုးရောင်းချကာ နေ့စဉ်ပုံမှန် ဝင်ငွေရရှိနေသဖြင့် အဆင်ပြေလျက် ရှိကြကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ တောင်သူများအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြပြီး မေမြို့ပန်းများလည်း စိုက်ပျိုးအောင်မြင်ကာ ပန်း (၁၀) ပင်စည်း တစ်စည်းလျှင် (၈၀၀) ကျပ်ဖြင့် ဖောက်သည်ပေးရကြောင်း သိရသည်။

ရေတွင်းကုန်းကျေးရွာတွင် မြေအောက်ရေများဖြင့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် မေမြို့ပန်း၊ သပြေပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်းများနှင့် နှင်းဆီပန်းများလည်း စိုက်ပျိုးကြပြီး မေမြို့ပန်းများရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေများရရှိကာ တစ်နေ့လျှင် ၉၀၀၀/၁၀၀၀၀ ခန့် ရရှိကြောင်း ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးဆွာကြီးက ပြောသည်။

ဇေယျာထက်(မင်းဘူး)