မိုးနဲမြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊ မိုးနဲမြို့နယ်၌ မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဝန်ထမ်းများပူးပေါင်းကာ(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စာရင်းများ‌ ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း နောင်မြိုင်းကျေးရွာအုပ်စုတွင် စာရင်းများဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာရင်များကောက်ယူရာနေရာသို့  မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင် ရဲမှူးသန်းအောင်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်ခိုင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စာရင်းကောက်ယူရေးအဖွဲ့များသည် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဦးစီးဌာန e-ID ဆော့ဝဲလ် ရေးသွင်းထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ကို ပြည်သူ့လက်ဝယ်ရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် မြေပြင်ကွင်းဆင်းကာ အမှန်နေထိုင်လျက်ရှိသည့် လူဦးရေနှင့် လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ၊ မသန်စွမ်း(၅)မျိုးစာရင်းတို့ကို  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့မှစတင်ကာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အပြီးသတ်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်အတွင်း ကျိုင်းတောင်းမြို့အပါအဝင် စာရင်းကောက်ယူရမည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၂၆) အုပ်စုရှိကြောင်း မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)