မိုင်းပန်မြို့၌ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုင်းပန် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်ဦးဆောင်သော အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြေပြင်စာရင်းကောက်ယူဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့မှစတင်၍ ၃၁ ရက်နေ့အထိ အပြီးသတ် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

နော်မှိုင်း(ပြန်/ဆက်)