မြစ်သားမြို့နယ်အတွင်း  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ကွင်းဆင်းဆောင်ရွက်

မြစ်သား ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ် ငါးဆူကျေးရွာအုပ်စု၊ ငါးဆူကျေးရွာ ရွာဦး‌စေတီတော်ဝင်းအတွင်း၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက် ()ရပ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ  ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ငါးဆူကျေးရွာဥက္ကဋ္ဌ ဦးမြတ်ကျော်ရွှေမှ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု ဇယားများတွင် နာမည်လွဲ/နာမည်ထပ်များရှိနေပါသဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျေးရွာကုန်ထုတ်လမ်းရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျွန်းဦးကျေးရွာနေ ပြည်သူတစ်ဦးမှ ကျေးရွာအဝင်လမ်းပေ ၈၀၀ခန့်မှာ မိုးရာသီတွင် သွားလာမှု မကောင်းပါသဖြင့်  ပြန်လည်ပြုပြင်ပေးစေလိုကြောင်းနှင့်  ကျေးရွာမီးရရှိရေး  ဆောင်ရွက်ပေးစေလိုကြောင်း အသီးသီး ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြစ်သားမြို့ ရဲစခန်းမှ (ဒုရဲအုပ်)ဦးဟိန်းဇော်ထက်က တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေ‌ရေးနှင့်  သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေ‌ရေး  အသိပညာပေး ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးမိုးမ လာမည့် ၂၀၂၃ခုနှစ်၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် PRစနစ်ကျင့်သုံးမည့် အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေဖြင့် ကိုယ်တိုင်လာ‌‌ရောက် တွေ့ဆုံကာ ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝေယံစိုးမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)