ပိုင်ကျုံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံတွင် လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် စာရင်းကောက်ယူလျက်ရှိကြောင်း သိရ သည်။
ထိုသို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှု အခြေအနေများကို သက်ဆိုင်ရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီအဖွဲ့ဝင်များတို့မှ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်း မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ (၃၁)ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)