မိတ္ထီလာမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster)  ပထမအကြိမ် ထပ်ဆောင်းထိုးနှံ

မိတ္ထီလာ ဇန်နဝါရီလ  ၁၀

မိတ္ထီလာမြို့နယ်တွင်  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့က  သတ်မှတ်ဆေးထိုးစု ရပ်များဖြစ်သည့် အခြေခံကျောင်းများတွင်   ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ ပညာရေးကို ကောင်းမွန်စွာ သင်ယူနိုင်စေရန် ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ကူးစက်မှုနှုန်းလျော့နည်းစေရန်တို့အတွက် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  (Booster) ပထမအကြိမ် ထပ်ဆောင်းထိုးနှံခြင်းကို အဖွဲ့(၅)ဖွဲ့ဖြင့် ဇူလိုင်လ (၉ရက်နေ့တွင် အ.ထ.က(၅)၊ အ.ထ.က(ခွဲ)အောင်ဇေယျာ၊ အလကလေ့ကျင့်ရေးနှင့် အလက ပြည်သာယာတို့တွင် ထိုးနှံပေးပြီး ဇူလိုင်လ (၁၀)ရက်နေ့တွင် အ.မ.က(၆) မင်းရပ်၊ အ.မ.က(၂၁၂)ပြည်သာယာ၊ အ.မ.က(မူလွန်) (၁၃၇)ပြည်သာယာ၊ အ.မ.က(မူလွန်)တပ်မြေ၊ အ.လ.က (၁)ရန်မျိုးအောင်တို့တွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံခြင်းကို  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်၊ အထွေထွေရောဂါ ကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမင်းသီရိနှင့်  တာဝန်ရှိသူများက ကြည့်ရှု့အားပေး ခဲ့ကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)