တနင်္သာရီမြို့နယ်အဆင့် (Warking Group) မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူ ရေးသင်တန်းဖွင့်လှစ်

တနင်္သာရီ ဒီဇင်ဘာ ၂၇      

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၉ နာရီက  မြို့နယ်(Warking Group) မြေပြင်ကွင်းဆင်းစာရင်း ကွင်းဆင်းကောက်ယူရေး ကော်မတီမှပြုလုပ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကွင်းဆင်းကောက်ယူရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး  ဦးစီးအရာရှိ ဒေါ်ချိုချိုရီနှင့်သင်တန်းသား/သူများ တက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက အဖွင့်အမှာစကား ပြောကြား ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် မြေပြင်ကွင်းဆင်းစာရင်းကွင်းဆင်းကောက်ယူရေး နည်းပြသင်တန်းသို့ တက်ရောက်ပြီးသူများဖြစ်သည့် မြို့နယ်(လဝက)ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် လဝကမှူး ဦးတင့်နိုင်နှင့် ဦးပိုင်စိုးတို့က လူဦးရေစာရင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာဖွဲ့စည်းပုံနှင့် တာဝန်များရပ်ကွက်/ ကျေးရွာအလိုက် မြေပြင်တစ်အိမ်တက်/ဆင်း ကောက်ယူရေးအဖွဲ့များဖွဲ့စည်းခြင်း၊ စာရင်းကောက် လက်စွဲစာစောင်တွင် ပါဝင်သည့် မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းတွင် စီမံခန့်ခွဲမှုလမ်းကြောင်း (၃)ခု ဖြစ်သည့် ဒေသခံများနှင့်ချိပ်ဆက်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုနှင့်ထောက်ပံ့/ဝန်ဆောင်မှု၊ စာရင်းကောက်ခြင်းနှင့် နည်းပညာစသည့်တို့နှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်း၌ စာရင်းကောက်များမှ ဆောင်ရွက်ရမည့် အချက်များ၊ စာရင်းကောက်များဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပြင်ဆင်/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများဆောင်ရွက်ခြင်း၊ အမည်ကွဲလွဲနေခြင်း မွေးသက္ကရာဇ်ကွဲလွဲနေခြင်း၊ နိုင်နံပါတ် ကွဲလွဲနေခြင်း အခြားအကြောင်းအရာများ၊ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သေဆုံးပယ်ဖျက်ခြင်း၊ ပြောင်းထွက်ပယ်ဖျက်ခြင်း၊ မြေပြင်တွင်နေထိုင်ခြင်း မရှိသူများအား ပယ်ဖျက်ခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခြင်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မပါဝင်သူများကိုသီးခြား စာရင်းကောက်ယူခြင်း၊ သက်ကြီးမွေးတိုး(လူကျန်)ဖြည့်စွက်ခြင်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စာရင်းကောက်ကျင့်ဝတ်များ၊ အိမ်ထောင်စုပုံစံအလွတ်ရေးသွင်းခြင်း ရေးသွင်း ကောက်ယူရမည့်သူများကို ပုံစံများဖြန့်ဝေခြင်း နေ့စဉ်စာရင်းပြုစုခြင်း စာရင်းကောက်ပြီးချိန် စာရင်းချုပ်ပြုစုခြင်းနှင့် ပုံစံများပြန်လည်အပ်နှံခြင်း၊ မသန်စွမ်းသူစာရင်းကောက်ယူရာတွင် (ကိုယ်ခန္ဓာ/အမြင်/အကြား/ဉာဏ်ရည်/စိတ်ပိုင်းဆိုင်ရာ) ခွဲခြားဖြည့်သွင်းခြင်း စသည်အချက်များအား Projector ဖြင့် အသေးစိတ် ဆွေးနွေးပို့ချကြကြောင်း သိရသည်။

၄င်းသင်တန်းသို့ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းဆရာ/မများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့ (မိခင်နှင့်ကလေး/အမျိုးသမီးရေးရာ)များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက  သင်တန်း(ပထမ)နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင်(၅၀)ဦး၊ (ဒုတိယ)နေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် (၅၄)ဦး၊  စုစုပေါင်း (၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်(လဝက)ရုံးမှ သတင်းရရှိသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)