မြင်းခြံ ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်တိုက်ဆိုင်စစ်ဆေးမည့်လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အလေးအနက်ထား သင်ကြားနာယူ၍ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းအား ဆက်လက်ပို့ချရာ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက မြေပြင်ကွင်းဆင်းကောက်ယူရေး လက်စွဲစာစောင်အား အသေးစိတ်ရှင်းလင်းခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြများက မြေပြင်ကွင်းဆင်းကောက် ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ အထစ- ပုံစံအလွတ်ဖြင့် ကောက်ယူလာသော စာရင်းများနှင့် ပတ်သက်၍ e-ID Data Base တွင် ယာယီနေထိုင်သူများ စာရင်းသွင်းရန်နှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ စာရင်းကောက်လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ ရှင်းလင်းခြင်း၊ ပြောင်းဝင်/ ပြောင်းထွက် သေဆုံးများနှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်း၊ Update ပြုလုပ်ခြင်းလုပ်ငန်းများနှင့် သင်တန်းဆိုင်ရာများအား (၂)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းသားသင်တန်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ ဆက်)