လဟယ် ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းကစတင်၍ ရွှေပြည်သာအားကစားကွင်းနှင့်မာလာတောင် အားကစားခန်မတို့၌ယှဉ်ပြိုင် ကျင်းပလျက်ရှိရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်း ထွန်း၀င်းနှင့်အဖွဲ့၀င်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ နာဂရိုရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုတို့က ကြက်တောင် ကျား/မ နှစ်ယောက်တွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အားကစား (၁၄) မျိုးပါ၀င်ပြီး ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်(ကျား၊မ)၊ သံလုံးပစ် (ကျား၊မ)၊ လွန်ဆွဲ(ကျားမ)၊ ချောတိုင်တက်၊ စားပွဲတင် တင်နစ်၊ မာရသွန် (ကျား)၊ မီနီမာရသွန်(မ)၊ ခေါင်းအုံးရိုက် ပြိုင်ပွဲများယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)