မိုင်းတုံမြို့၌မြို့နယ် (working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်လှစ်

မိုင်းတုံ ဒီဇင်ဘာ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်အ‌ထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနရှိ အစည်းအဝေးခန်း၌ ယနေ့နံနက်၉နာရီကမြို့နယ် (working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင်မိုင်းတုံခရိုင်မှ ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်က အခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းသည် မြေပြင်တွင် လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့်အခါ လွယ်ကူစွာဆောင်ရွက်နိုင်စေရေး အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများမှန်ကန်စွာတိုက်ဆိုင်စစ်နိုင်ရေး၊ ပြည်သူများကလည်မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်လာစေရန်၊ တာဝန်ပေးခံထားရသည့်ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများကပါ တက်ရောက်သည့်သင်တန်းအပေါ်  ဂရုတစ်စိုက်နဲ့ စိတ်ပါဝင်စားစွာသင်ယူလေ့လာမှတ်သားကြ စေလိုကြောင်းအစရှိသည်တို့ကို အကျယ်တစ်ဝန်းမှာကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို နံနက် ၉နာရီခွဲ အချိန်မှစတင်၍  သင်တန်းနည်းပြ (၂)ဦးဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းမှ သင်တန်းသူ၊ သင်တန်းသားစုစု‌ပေါင်း (၉၅)ဦးတို့ကို (၂၇.၁၂.၂၀၂၂)မှ (၂၈.၂.၂၀၂၂)ထိဖွင့်လှစ်‌ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှ‌အေးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင် (မြို့နယ်ပြန်/ ဆက်)