ကွမ်းခြံကုန်းမြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ

ကွမ်းခြံကုန်း ဒီဇင်ဘာ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် (Working  Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ထွန်းက သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသီဟန်ထွန်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာကြားခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး (Working  Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဦးက အုပ်ချုပ်မှူးဆိုင်ရာကိစ္စရပ်များအား မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက မြေပြင်ကောက်ယူရေး စီမံချက်သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ စာရင်းကောက်ကျင့်ဝတ်များ၊ အထစ-ပုံစံအလွတ်ရေးသွင်းခြင်းနှင့် ပုံစံများဖြန့်ဝေခြင်း စသည့်လုပ်ငန်း စဥ်များကို ရှင်းလင်းပြောကြားပြီးနောက် သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းကို ဒီဇင်ဘာ(၂၇)ရက်တွင် သင်တန်းသား/သူ(၁၄၁)ဦးနှင့် ဒီဇင်ဘာ(၂၈)ရက်တွင် သင်တန်းသား/သူ(၁၄၁)ဦး၊ စုစုပေါင်း (၂၈၂)ဦး ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို ရပ်ကျေးစာရေးများ၊ ကျောင်းဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)