ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်လှစ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း  (အထက- ခနောင် တို) ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ခင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ သင်တန်းကို စတင်ပို့ချ‌သည်။

အဆိုပါ သင်တန်းတွင် မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးအဖွဲ့များတွင်ပါဝင်သည့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကြီးကြပ်ရေးကော်မတီဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ  စသည့်သင်တန်းသား၊ သင်တန်းသူ (၆၉) ဦးအား မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းစဉ်အဆင့်ဆင့်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခြေအနေများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ ( IPRD)