ခရမ်း ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီ ၃၀မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခန်းအနားသို့ မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း၊ သင်တန်းနည်းပြဆရာများက မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ ဆောင်ရွက်ရမည့် နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများ၊ ကျောင်းဆရာ/ဆရာမများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၃၇၄)ဦး တက်ရောက်ကြပြီး ခရမ်းမြို့နယ် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာများအား ပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ ယနေ့မှ (၂၈-၁၂-၂၀၂၂)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )