တာချီလိတ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက “ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး” ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က On line အသိပညာပေး Talk Show အစီအစဥ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်မှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေနေထိုင်ရေးလိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့် ပြောင်းလဲခြင်း စသည့်အကြောင်းရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့ ခြောက်မျိုး၊ ကမ္ဘာမြေကြီးအား ထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့် နည်းလမ်းများ၊ ကမ္ဘာမြေပြင်သို့ နေမှလာသော လူကိုအန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်အား ကာကွယ်ထားသည့် အိုဇုန်းလွှာအကြောင်းများ စသည်တို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးလတ်