မဘိမ်းမြို့၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်လှစ်

မဘိမ်း ဒီဇင်ဘာ ၂၇        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မြို့နယ်အတွင်းရှိ (Working Group) လူဦးရေ စာရင်းကောက်ယူရေး ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန် ထမ်းများအားလုံး ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီဆောင်ရွက်ကြရန်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းမှ ပို့ချဆွေးနွေးပေးမည့် သင်ခန်းစာဘာသာရပ်များကို သင်တန်းသားများ အားလုံး လက်တွေ့မြေပြင်တွင် အဆင်ပြေစေရေးအတွက် လေ့လာမှတ်သားပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး မြို့နယ်ဦးစီးအရာရှိ ဦးတင့်ဝေက မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသားသင်တန်းသူ ၅၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ယနေ့မှ  ၂၈ ရက်အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)