ရန်ကုန် ဒီဇင်ဘာ ၂၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် မြို့နယ် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က သင်တန်းစည်းကမ်းနှင့် ပို့ချမည့် သင်တန်းအကြောင်းအရာများ၊ မြေပြင်စာရင်း ကွင်းဆင်းကောက်ယူရေး လက်စွဲစာစောင်ပါ အကြောင်းအရာများ၊ အထစပုံစံအလွတ်ရေးသွင်းခြင်း ဆိုင်ရာများ၊ ရေသွင်းကောက်ယူရမည့်သူများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ မသန်စွမ်း(၅)မျိုး ကောက်ယူမှုနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် စာရင်းကောက်ယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ စသည်တို့ကို အသေးစိတ်ရှင်းလင်း ပို့ချပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ပါသည်။
သင်တန်းသို့ ဒေါပုံမြို့နယ် ဌာနဆိုင်ရာ အသီးသီးမှ အမှုထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပရဟိတအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ ၁၄၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ တစ်ရက်ဖြစ်ကြောင်း သိရသည်။ ဒေါပုံမြို့နယ်တွင် ရပ်ကွက် ၁၄ ခုရှိပြီး အိမ်ထောင်စု ၂၇၄၈၇ စုခန့်ရှိသည့်အတွက် မြေပြင်ကောက်ကွက် ၅၉ ကွက်ရှိကြောင်းနှင့် အဆိုပါ မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူ ဆောင်ရွက်သွားမှုဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)