တပ်ကုန်း ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ နဝမနေ့ပွဲစဉ်ကို ယမန်နေ့မွန်းလွဲ ၃နာရီ ခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်(ခ)အသင်းနှင့် အောင်ဇေယျရပ်ကွက်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ အောင်ဇေယျရပ်ကွက်အသင်းက ဘုရင့်နောင်ရပ်ကွက်(ခ)အသင်းကို (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစားဝါသနာရှင်များ စုစုပေါင်းပရိသတ် (၅၀၀)ဦးကျော် တက် ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင် အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်၍ ပတ်လည်ကစားခဲ့ကြပြီး၊ အုပ်စု(က)ပထမနှင့်အုပ်စု(ခ)ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၃၁ ရက်နေ့၊ အုပ်စု(ခ)ပထမနှင့်အုပ်စု(က) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၁ ရက်နေ့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်