လဲချားတွင် (Working Group)မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်လှစ်

လဲချား ဒီဇင်ဘာ  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (Working Group) မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉) နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လဲချားမြို့နယ် ဦးစီးမှူး ဦးအောင်သီဟဟိဏ်းမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသင်တန်းတွင် လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၉)အုပ်စု တို့မှ အဖွဲ့(၁)ဖွဲ့လျှင် (၃)ဦးကို  (၂၇-၁၂-၂၀၂၂)ရက်နေ့မှ (၂၈-၁၂-၂၀၂၂)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သင်တန်းဖွင့်လှစ်ပို့ချပေးမည်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စာရင်းကောက်ယူမည့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)