ပင်လောင်းမြို့နယ်တွင် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ပင်လောင်း ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးနှင့် အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်တို့ပူးပေါင်း၍ လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို   ယမန်နေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်း​ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြည်နယ်ဦးစီးမှူး (တတိယတန်း) ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း သင်တန်း​ကျောင်းတာဝန်ခံ ဒေါ်ခင်ဆွေဦးက စီမံကိန်းရည်ရွယ်ချက်များ၊ အဓိကဆောင်ရွက်သွားမည့်စီမံချက်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျေးလက်ကျန်းမာရေးဌာနများမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အ​ကြံပြုဆွေးနွေးချက်များကို တာဝန်ရှိသူက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း၊ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြင့်နိုင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ခွန်အာကာစိုး