ကော့သောင်းမြို့နယ် ၊ မြို့နယ် အဆင့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး စာရင်းကောက် သင်တန်းဖွင်ပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၂၇

ကော့သောင်းခရိုင်၊ ကော့သောင်း မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်ပို့ချမည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး၊ မြို့နယ်အဆင့်စာရင်းကောက် သင်တန်းဖွင်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက်(၉) နာရီအချိန်က ကော့သောင်းမြို့၊ မဉ္ဇူသက ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကော့သောင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို ကမြို့နယ် အဆင့်စာရင်းကောက် သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကော့သောင်း မြို့နယ်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူး ဦးမြတ်ဇော်မင်း ကသင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ကော့သောင်းခရိုင်အတွင်းမြို့နယ်များ၏ ရပ်ကွက်နှင့်ကျးရွာများအလိုက် လူဦးရေစာရင်းမှန်ကန်စေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Working Group)များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စာရင်း ကောက်လက်စွဲစာစောင်ပါ အကြောင်းအရာများ၊ ကျင့်ဝတ်များ၊ အိမ်ထောင်စု စာရင်းရေးသွင်းခြင်းနှင့် စာရင်း ကောက်များသိထားသင့်သည်များ၊ စာရင်းကောက် ယူပြီးစာရင်းချုပ်ပြုစုခြင်းနှင့် မသန်စွမ်း(၅)မျိုးအား စာရင်းကောက်ယူမှု နည်းစနစ်များ၊ ယာယီနေထိုင်သူများ အားစာရင်းကောက်ယူခြင်း ဆိုင်ရာများ၊ပြောင်းဝင်/ ပြောင်းထွက်/ သေဆုံးသူများနှင့် စပ်လျဉ်းသည့် မှတ်ချက်ပေးပြီး (update)ပြုလုပ်ခြင်း ဆိုင်ရာများ၊ အိမ်ထောင်စုအတွင်း နိုင်ငံသားကတ်ပြားအမှတ်များ ပြန်လည်ဖြည့်သွင်း ခြင်းဆိုင်ရာများ၊ အိမ်ထောင်စု(၁)ခု ထက်ပို၍ကိုင်ဆောင် ထားသူများနှင့် အိမ်ထောင်စု အလိုက်ထပ်နေသူများအား နိုင်-၄ Server မှပြန်လည်ရှာဖွေဖြည့်သွင်းခြင်း ဆိုင်ရာများစသည့် သင်ခန်းစာများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ရုံးမှ ဝန်ထမ်းသင်တန်းနည်းပြများက ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဘော်လံဒီယာများ၊ NGOအဖွဲ့များမှ စာရင်းကောက် သင်တန်းသားများအား သင်တန်းကာလ(၁)ရက်တာပို့ချသင်ကြားပေး သွားမည်ဖြစ် ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)