မိုင်းပျဉ်း ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယနေ့နံနက်၉နာရီက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို မိုင်းပျဉ်းမြို့ အထကကျောင်း နဝဒေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် စာရင်းကောက်ကျင့်ဝတ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိုင်းထွန်းစိန်က မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူရမည့် အဖွဲ့များအား လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ့သို့ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၁)အုပ်စုအတွင်းမှ သင်တန်းသားဦးရေ၁၅၀ခန့် တက်ရောက်ခဲ့ပြီး (၂၇.၁၂.၂၀၂၂)မှ (၂၈.၁၂.၂၀၂၂)ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ ဆက်)