သံတောင်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီအစည်းဝေးကျင်းပ

သံတောင်ကြီး ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ သိရှိလာစေရန်နှင့် ကလေးသူငယ်ဆိုင်ရာမှုခင်းများ ကျဆင်းစေရန်ရည်ရွယ်၍   ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လည် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းကလူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေးပြီး ကလေးသူငယ်အခွင့်အရေးနှင့်တက်ဆိုင်သည့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ