အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံ

အလုံ ဒီဇင်ဘာ

ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ မန်နေ့တွင် အလုံမြို့နယ်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံသူ(၃၇)ဦး၊ ပထမ အကြိမ် ထိုးနှံသူ (၃၂)ဦး၊ စုပေါင်း(၆၉)ဦးတို့အား ထိုးနှံပေးခဲ့ပြီး အလုံမြို့နယ်တွင် ပထမအကြိမ် ထိုးနှံပြီးသူ(၂၈၆၇၅)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ(၂၇၂၉၄)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ စစ်ကြောင်းကြီး(၅)ကြောင်းမှ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းများမှ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ သန်းသန်းထွေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်တာဝန်ရှိသူများမှ   လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

ရွက်သစ်ဝေ