ကလော ဒီဇင်ဘာ ၂၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်-မြက်ဆက်တောင်-မြက်ဆက်မြောက်-ဘော်နင်းကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်နှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းများဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက ကလောမြို့နယ်ဘော်နင်းကျေးရွာ ဘော်နင်းဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပသည်။
ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်နှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန(ရုံးချုပ်)အင်ဂျင်နီယာချုပ် ဦးနေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် မူဝါဒနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များအတွက် ကျေးလက်ကွန်ယက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရေးနှင့် ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာများအားလုံး ၈၀% နှင့် ကျေးလက်လူဦးရေ၏ (၉၀%)အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်(၄)ရပ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ယူဆောင်ရွက်ပေးနေသည့် လမ်းမိုင်ပေါင်း(၆၇၄၇)မိုင် (၃)ဖာလုံရှိသည်ကိုသိရပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို အထူးဦးစားပေးအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးရည်မှန်း၍ လိုအပ်သောနည်းပညာနှင့် ငွေကြေးအရင်းအနှီးများအတွက် ကူညီထောက်ပံ့ပေးရေး၊ နည်းပညာပြန်ပွားရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသနလုပ်ငန်းများနှင့် ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ၊ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများနှင့် ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးကိစ္စရပ်များကို အထူးအလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ယနေ့ဖွင့်ပွဲပြုလုပ်သည့် ဘော်နင်းကျေးသည် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် စံပြကျေးရွာများအနက်(၁)ရွာအပါအဝင်ဖြစ်သည့်အတွက် ကျေးရွာသူကျေးရွာသားများအနေနှင့် စံပြကျေးရွာအကောင်အထည်ဖော်ရေးဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်မှာဖြစ်ပြီး သက်ဆိုင်ရာဌာနများပူးပေါင်းပြီး စံပြကျေးရွာအောင်မြင်ရန် ဦးတည်ထားသည့် ကဏ္ဍကြီး(၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်အတွက် ကျေးရွာသူကျေးရွာသားများမှဆောင်ရွက်ပြီးလုပ်ငန်းစီမံကိန်းများကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)အင်ဂျင်နီယာချုပ်ဦးနေဦးမှ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်မှ ရှင်းလင်းကာတာဝန်ရှိသူများမှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများအားနေရာအရောက် အထိမ်းအမှတ်တံဆိပ် လက်ဆောင်ပစ္စည်းပေးအပ်ပြီး ဘော်နင်းစံပြကျေးရွာမှ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)