စဉ့်ကိုင် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အုပ်ထိန်းသူမိဘများ သတိပြုရန်အချက်များ၊ ကလေးများ သတိပြုရန်အချက်များနှင့် သက်ငယ်မုဒိမ်းမှု ပိုမိုဖြစ်ပွားရခြင်း အခြေခံအကြောင်းအရင်းများကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့နေ ဦး၀င်းကြည် (စဉ့်ကိုင်)က သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားအောင် တားဆီးကာကွယ်သင့်သည့် အချက်များနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ပါက ဉပဒေ၊ နည်းဉပဒေအကြောင်း သိကောင်းစရာများ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသည့် ကလေးငယ်များ ဘဝပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမည့် အချက်များနှင့်ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်