သရက်ချောင်း ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် ၆လမှ အသက် ၅နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဌာနမှ ဆရာမဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ကလေးသူငယ်များအား သံချဆေးတိုက်ကျွေးခြင်း၊ ဗီတာမင်အေအား ဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၂၆)ရက်နေ့မှ (၂၇) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
သားကြီး (သရက်ချောင်း)