ကျောက်ဆည် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံများကို ကျေးရွာအုပ်စု(၄၉)အုပ်စု၊ ကွင်းပေါင်း(၁၀၄)ကွင်း၊ ဦးပိုင်ပေါင်း(၁၀၇၆)တွင် တောင်သူ(၁၀၇၆)ဦး၏ စိုက်ပျိုးမြေများတွင် ဆောင်းနေကြာ(၁၅၆၈၄)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ရှားပင်ကျေးရွာမှ ဦးမြင့်ဇော် စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံများကို တိုက်နယ်(၁)မှတောင်သူ(၉၂)ဦး၏ စိုက်ပျိုးမြေများတွင်(၁၅၇၂)ဧက၊ တိုက်နယ်(၂)မှတောင်သူ(၂၅၇)ဦး၏ စိုက်ပျိုးမြေများတွင် (၁၂၂၄)ဧက၊ တိုက်နယ်(၃)မှ တောင်သူ(၃၂)ဦး၏ စိုက်ပျိုးမြေများတွင် (၇၇၄)ဧက၊ တိုက်နယ်(၄)မှ တောင်သူ(၁၀၂)ဦး၏ စိုက်ပျိုးမြေများတွင်(၁၂၃၈)ဧက၊ တိုက်နယ်(၅)မှ တောင်သူ(၈)ဦး၏ စိုက်ပျိုးမြေများတွင် (၅၄၇)ဧက၊ တိုက်နယ်(၆)မှ တောင်သူ(၉၇)ဦး၏ စိုက်ပျိုးမြေများတွင်(၁၆၈၀)ဧက၊ တိုက်နယ်(၇)မှ တောင်သူ(၃၅)ဦး၏ စိုက်ပျိုးမြေ များတွင်(၉၀၀)ဧက၊ တိုက်နယ်(၈)မှ တောင်သူ(၄၁၅)ဦး၏ စိုက်ပျိုးမြေများတွင် (၂၈၅၃)ဧက၊ တိုက်နယ်(၉)မှ တောင်သူ(၈)ဦး၏ စိုက်ပျိုးမြေများတွင် (၅၀၇)ဧက၊ တိုက်နယ်(၁၀)မှ တောင်သူ(၉၁)ဦး၏ စိုက်ပျိုးမြေများတွင်(၁၇၇၇)ဧက၊ တိုက်နယ်(၁၁)မှ တောင်သူ(၂၇)၏ စိုက်ပျိုးမြေများတွင်(၈၉၈)ဧက၊ တိုက်နယ်(၁၂)မှ တောင်သူ(၁၄)ဦး၏ စိုက်ပျိုးမြေများတွင်(၁၇၁၄)ဧက၊ စုစုပေါင်း (၁၅၆၈၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်အပေါက်နှုန်း(၈၀)ရာခိုင်နှုန်း အထက်ရှိသော ရေဆင်းစပ်မျိုး(၁)နေကြာမျိုးများ အဓိထားဖြန့်ဖြူးပေးလျက်ရှိပြီး သိပ္ပံနည်းကျစိုက်နည်းစနစ်များ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)