တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk  Show )ဆောင်ရွက်

တပ်ကုန်း ဒီဇင်ဘာ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်သည်။

အဆိုပါ(Talk Show)တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book  Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ- ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်မြသန္တာ(မြပုလဲ-တပ်ကုန်း)တို့ က လွတ်လပ်ရေးရဲ့အဓိပ္ပာယ်၊ လွတ်လပ်ရေးဆုံးရှုံးခဲ့ရတဲ့အကြောင်း၊ ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေး ပြန်လည်ရရှိအောင် တိုင်းရင်းသား မျိုးချစ်ပုဂ္ဂိုလ်များ ကြိုးပမ်းဆောင်ရွက်မှုသမိုင်းအကျဉ်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးဦးတည်ချက်များ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် လွတ်လပ်ရေး အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရစေရန်နှင့် လေးစားတန်ဖိုး ထားတတ်ကြစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) အစီအစဉ်ဆောင်ရွက်ခဲ့သည်။ ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(Talk Show)အစီအစဉ် အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်