ဒဂုံမြို့သစ်(ဆိမ်ကမ်း)မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ဒဂုံဆိပ်ကမ်း  ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကလေးသူငယ်မှုခင်းများ၊ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားစေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့်အနေဖြင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုစုမာက ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အစည်းအဝေးကို (၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)