မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်ဝန်းအတွင်း ဖွင့်လှစ်ထားရှိသည့် အရှင်အာနန္ဒာစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက စာကြည့်တိုက်တွင်ထားရှိသည့် သုတ/ရသစာအုပ်များစာရင်း၊ အသင်းဝင်ဦးရေ၊ စာဖတ်၊ စာငှားအခြေအနေများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ စာကြည့်တိုက်မှတ်ပုံတင်ပြုလုပ်ရန် ထည့်သွင်းဖော်ပြရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အရှင်အာနန္ဒာစာကြည့်တိုက်မှူး ဦးခင်ဇော်လတ်က စာကြည့်တိုက်ကို နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားရှိကြောင်း၊ ကြာသပတေးနေ့ကို ပိတ်ရက်အဖြစ် သက်မှတ်ထားကြောင်း၊ စာငှားသူဦးရေထက် စာဖတ်ပရိတ်သတ်ဦးရေများကြောင်း၊ စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်/ဆက်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် (ဂ)ရပ်ကွက်ရှိ သော်တာဆွေစာကြည့်တိုက်သို့ ကွင်းဆင်းခဲ့ပြီး စာကြည့်တိုက်ကော်မတီဝင်အသစ်ပြန်လည်ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စာကြည့်တိုက်တာဝန်ခံနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)