ကလိန်အောင် ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြည်သူ့များ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ကလိန်အောင်နယ်မြေမီးသတ်စခန်းမှာ ဒုဦးစီးမှူးဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းများက ယမန်နေ့ညနေ့(၆)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလိန်အောင်နယ်မြေမီးသတ်စခန်းတာဝန်ရှိသူများက မီးလောင်မှုမဖြစ်ပေါ်စေရန် ယခုအချိန် ပူပြင်းသောနွေရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မိမိခြံဝန်းထဲမှာရှိသော အမှိုက်သရိုက်များကိုရှင်းလင်းထားကြရန်၊ ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားများကိုစနစ်တကျ အလွယ်တကူ ရယူနိုင်သောနေရာတွင်ထားရှိကြရန်၊ ပို၍ကောင်းမွန်စေရန် မီးသတ်ရေကန်များအားနေရာတိုင်းမှာ ရေအပြည့်ထည့်ပြီး ထားရှိပေးကြရန်၊ ခေတ်မှီမီးသတ်ဆေးဘူးများအား ဆောင်ထားကြရန်၊ လောင်စာဆီများသိုလှောင်ခြင်းမှ ရှောင်ကြည်ကြရန်၊ ပေါက်ကွဲလွယ်သော လောင်စာဆီများအနီးမှ မီးခြစ်ခြစ်ခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ ဆေးလိပ်ပေါ့ဆစွာ အသုံးပြုခြင်းများ ရှောင်ကြည်ကြရန်၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကို အောက်ခံပြားမပါဘဲ ဖယောင်းတိုင်/ခြင်ဆေးခွေများ ထွန်းညှိထားပြီးအိပ်စက်ခြင်းမှ ရှောင်ကြည်ကြရန်၊ ဆေးလိပ်တိုများကို မီးငြှိမ်းသတ်ပြီးမှ စနစ်တကျစွန့်ပြစ်ကျရန်၊ မီးဖိုများအတွင်း မီးဖြင့်အသုံးပြုပြီးတိုင်း မီးကြွင်းမီးကျန်များ မကျန်ရှိအောင်၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ မီးသုံးစွဲခြင်းမပြုလုပ်စေရန်နှင့် မီးဖြင့်အသုံးပြုသော ပစ္စည်းများအားလက်လှမ်းမှီသော နေရာများတွင်မထားရှိကြရန် ရှောင်ကြည်ကြရန်၊ မြို့အတွင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကလိန်အောင်နယ်မြေမီးသတ်စခန်းသို့ အချိန်မရွေး ဆက်သွယ်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)