သရက်ချောင်း ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသင်း(၇)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြို့မ(၁)အသင်းနှင့် ချောက်ချောင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြို့မ(၁)အသင်းက (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်အဖြစ် ပန်းတောအသင်းနှင မြို့မ(၂)အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပန်းတောအသင်းက(၂)ပွဲ (၁)ပွဲဖြင့်လည်ကောင်း၊ အသီးသီးအနိုင်ရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
သားကြီး(သရက်ချောင်း)