ခရမ်းမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

ခရမ်း ဒီဇင်ဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်းကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူးဦးပြည့်ဖြိုးကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ခရမ်းမြို့မဈေးကြီးတာဝန်ခံနှင့်ဈေးမိ၊ ဈေးဖများ၊ မြို့မဈေးကြီး၏မီးဘေးတားဆီးရေးအဖွဲ့ဝင်များ၊ ဈေးလုံခြုံရေးများပူးပေါင်းပါဝင်၍ ဈေးအတွင်းတပ်ဆင်အသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများ၊ မီးခုံများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေသိုလှောင်ထားရှိမှုနှင့် မီးသတ်စက်များတပ်ဆင်အသုံးပြုမှု၊ မီးချိတ်၊ မီးကပ်များကြိုတင်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်း  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )