ညောင်ဦး ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်)မှ ပေးပို့သည့် သုတ/ရသ စာအုပ်များအပြင်၊ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဆိုင်ရာစာပေများ၊ ကျန်းမာရေးဆိုင်ရာစာပေများ၊ နည်းပညာဆိုင်ရာစာပေများနှင့် ဗဟုသုတဖြစ်ဖွယ် စာအုပ်၊ စာပေများကို စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားရှိရာ ညောင်ဦး အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာကြကြောင်း၊ စာအုပ်စာစောင်ပြပွဲပြုလုပ် ရသည့် ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကစာအုပ်များ အခမဲ့ ငှားရမ်းပေးနေမှုအခြေအနေများ၊ အသင်းဝင်ကတ်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်များနှင့် နေ့စဉ်စာအုပ်များ ငှားရမ်းပေးနေမှုတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ပြောကြား၍ သိရသည်။
ကိုကြေးမုံ