သာကေတမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

သာကေတ ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ၂ ၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် မြို့နယ် အားကစားနှင့်ကာယပညာ​ကော်မတီ ဥက္ကဋ္ဌဖလား၊ အသက်(၃၅)နှစ် အောက်ဌာနဆိုင်ရာ /ရပ်ကွက်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

 ရှေးဦးစွာ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဒိုင်အဖွဲ့ ဒိုင်ချုပ်ဦးတင်ထွန်းမှ ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ၃/ရန်ပြေရပ်ကွက် ဦးငြိမ်းဟန်နှင့်အဖွဲ့မှ ရိုးရာခြင်းအလှဖြင့်ဖျော်ဖြေ တင်ဆက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဂုဏ်ပြုလက်ဆောင်အား ချီးမြှင့်ကာအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၃၅)နှစ်အောက်ဌာနဆိုင်ရာ/ ရပ်ကွက်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲအားဆက်လက်ယှဥ်ပြိုင်ကစားခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှအသင်း (၃)သင်း၊ ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ ဝါသနာရှင်အားကစားသမား များမှ အသင်း(၁၃)သင်း၊ စုစုပေါင်းအသင်း (၁၆)သင်းအလိုက် အုပ်စု()အုပ်စုမှဒီဇင်ဘာလ (၂၅)ရက် နေ့မှ (၃၁)ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိ ရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)